back

ထိုင်းမှာ AI ရဲစက်ရုပ်ကြောင့် ရာဇဝတ်သား ၁၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့

May 02 • 3:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းမှာ AI ရဲစက်ရုပ်ကြောင့် ရာဇဝတ်သား ၁၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့

Nakhon Pathom ပြည်နယ် ရဲဌာန ၇ က AI Police Cyborg 1.0 လို့ ခေါ်တဲ့ Police Colonel Nakhon Pathom Safe AI ရဲစက်ရုပ်ရဲ့ စွမ်းဆောင်ရည်ကို တော်ဝင် ထိုင်းရဲတပ်ဖွဲ့ကို ...

Nakhon Pathom ပြည်နယ် ရဲဌာန ၇ က AI Police Cyborg 1.0 လို့ ခေါ်တဲ့ Police Colonel Nakhon Pathom Safe AI ရဲစက်ရုပ်ရဲ့ စွမ်းဆောင်ရည်ကို တော်ဝင် ထိုင်းရဲတပ်ဖွဲ့ကို မေလ ၁ ရက်နေ့က တင်ပြလိုက်ပါတယ်။ အဲဒီ စက်ရုပ်မှာ ၃၆၀ ဒီဂရီ AI ကင်မရာတွေ တပ်ဆင်ထားပြီး ရာဇဝတ်သားတွေကို ရှာဖွေနိုင်ပါတယ်။ Nakhon Pathom ပြည်နယ် ရဲဌာနက ဖန်တီးထားတာ ဖြစ်ပြီး AI ရဲစက်ရုပ်ကို ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့အတွက် ပွဲတော်တွေ၊ အများပြည်သူ ပွဲအခမ်းအနားတွေမှာ တာဝန်ပေးထားပါတယ်။ Nakhon Pathom ပြည်နယ်၊ Ton Son လမ်းမှာ မကြာခင်က ကျင်းပခဲ့တဲ့ ဆုန်ခရန် ပွဲတော်မှာ AI ရဲစက်ရုပ်က တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ AI ရဲစက်ရုပ်ဟာ ပွဲတော်နဲ့ အများပြည်သူ ပွဲအခမ်းအနားတွေကို လာတဲ့ ရာဇဝတ်သားတွေကို အောင်မြင်စွာ စောင့်ကြည့်စစ်ဆေးနိုင်ခဲ့ပြီး ရာဇဝတ်သား ၁၄ ယောက်ကို ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။ 


news-view-count-icon

26