နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ် ပေါင်း ၁၅၀ ကျော်၏ ဆိုင်ခန်ပေါင်း ၁၀၀ ကျော်က လေးရက်တာ ပါဝင်ရောင်းချမည့် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲအား ရန်ကုန်မြို့တွင် ဒုတိယအကြိမ် အဖြစ် စတင်ကျင်းပခဲ့ကြောင်း သိရသည်။MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားသည့် မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှုကုန်စည်ပြပွဲအား မေ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center တွင် ပြုလုပ်သွားမည် ဖြစ်သည်။အဆိုပါ ပြပွဲအား မေလ ၁ ရက်မှ ၃ ရက်အထိ Yangon Convention Center တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လည်းကောင်း၊ မေလ ၄ ရက်တွင် နံနက် ၉ နာရီ မှ နေ့လည် ၂ နာရီ အထိလည်းကောင်း ပြု လုပ်သွားမည်ဖြစ်သည်။



