back

ချန်ပီယံဆု မိမိတို့လက်ထဲရောက်နေပြီဟု နာပိုလီအသင်းနည်းပြ ကွန်တီ ပြောကြား

May 02 • 3:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံဆု မိမိတို့လက်ထဲရောက်နေပြီဟု နာပိုလီအသင်းနည်းပြ ကွန်တီ ပြောကြား

နာပိုလီအသင်းနည်းပြ ကွန်တီက စီးရီးအေချန်ပီယံဆုမှာ မိမိတို့လက်ထဲ ရောက်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ နာပိုလီအသင်းသည် စီးရီးအေပွဲစဉ် (၃၄) အပြီးတွင် ရမှတ် ...

နာပိုလီအသင်းနည်းပြ ကွန်တီက စီးရီးအေချန်ပီယံဆုမှာ မိမိတို့လက်ထဲ ရောက်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ နာပိုလီအသင်းသည် စီးရီးအေပွဲစဉ် (၃၄) အပြီးတွင် ရမှတ် (၇၄)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှ အင်တာမီလန် (၇၁ မှတ်)ကို (၃)မှတ် ဖြတ်ထားသည်။ နာပိုလီအသင်းသည် စီးရီးအေလက်ကျန် (၄) ပွဲတွင် လက်ချီ၊ ဂျီနိုအာ၊ ပါးမား၊ ကာဂလီယာရီတို့နှင့်ကစားမည်ဖြစ်ရာ စီးရီးအေချန်ပီယံဆုကို ရယူနိုင်မည်ဟု ထင်ကြေးပေးနေကြသည်။ ကွန်တီက ''လက်ကျန် (၄)ပွဲပဲ ကျန်တော့တာပါ။ ကျွန်တော်တို့အနေနဲ့ တစ်ပွဲချင်းစီကို အာရုံစိုက်သွားရမှာပါ။ ချန်ပီယံဆုက ကျွန်တော်တို့ လက်ထဲကို ရောက်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ အခုအနေအထားရအောင် အများကြီး ကြိုးစားခဲ့ရ တာပါ။ လက်ကျန်ပွဲစဉ်တိုင်းက ခက်ခဲမှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ''ဟုဆိုခဲ့သည်။ လက်ရှိအချိန်တွင် စီးရီးအေချန်ပီယံဆုရရှိရန် နာပိုလီအသင်းက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။


news-view-count-icon

22