အိန္ဒိယအစိုးရသည် အရန်ဂျုံ သိုလှောင်ရေးအတွက် လယ်သမားများထံမှ ရာသီပေါ် ဂျုံများ ဝယ်ယူလျက်ရှိရာ တန်ချိန် ၂၅.၆ သန်း ဝယ်ယူခဲ့ပြီးပြီဖြစ်ကြောင်း၊ ယမန်နှစ် အလားတူကာလတွင် တန်ချိန် ၂၀.၅ သန်း ဝယ်ယူနိုင်ခဲ့သည်ထက် ပိုများကြောင်း အိန္ဒိယ စားနပ်ရိက္ခာဖူလုံရေးမှ ပြောကြားသည်။ အစိုးရသည် ယခုနှစ်တွင် တန်ချိန် ၃၁.၂ သန်း ဝယ်ယူရန် ရည်မှန်းထားပြီး ရည်မှန်းချက် ပြည့်မီမည်ဟု မျှော်လင့်ရကြောင်း ၎င်းဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



