ရှောင်မီ ကျောထောက်နောက်ခံပြုပေးထားသည့် အိမ်စီးပြိုင်ကား ထုတ်လုပ်ရေး လုပ်ငန်းသစ် China Car Custom သည် ပထမဆုံးမော်ဒယ် SC01 ကို စတင်ရောင်းချခဲ့ရာ၌ အခမ်းအနား ကျင်းပခြင်း မပြုချေ။ တရုတ်လူမှုမီဒီယာ Weibo တွင် China Car Custom ထူထောင်သူ Feng Xiaotong က ပို့စ်တင်ပြီး အသိပေးကြေညာခဲ့သည်။SC01 လျှပ်စစ် အိမ်စီးပြိုင်ကားကို အခြေခံဈေးနှုန်း ယွမ် ၂၂၉,၈၀၀ ($31,530)ဖြင့် စတင်ရောင်းချပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။ SC01 သည် ယာဉ်အလေးချိန် ၁,၃၆၅ ကီလိုဂရမ်ရှိပြီး 0-100 km/h အရှိန်တင်ရန် ၂.၉ စက္ကန့်ကြာသည်။ အမြန်ဆုံး အမြန်နှုန်းမှာ 200km/h ဖြစ်ပါသည်။



