back

ဘိုင်ယန်မြူးနစ်အသင်းတွင် အနည်းဆုံး နောက်ထပ်တစ်ရာသီ ဆက်နေရန် အင်္ဂလန်ဝါရင့်တိုက်စစ်မှူးဟာရီကိန်း ဆုံးဖြတ်ထားကြောင်းဖော်ပြ

May 02 • 3:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘိုင်ယန်မြူးနစ်အသင်းတွင် အနည်းဆုံး နောက်ထပ်တစ်ရာသီ ဆက်နေရန် အင်္ဂလန်ဝါရင့်တိုက်စစ်မှူးဟာရီကိန်း ဆုံးဖြတ်ထားကြောင်းဖော်ပြ

ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည့် အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းတွင် အနည်းဆုံးနောက်ထပ်တစ...

ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည့် အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းတွင် အနည်းဆုံးနောက်ထပ်တစ်နှစ် ဆက်နေရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြခဲ့သည်။ အသက် (၃၁) နှစ်အရွယ်ရှိ ဟာရီကိန်းသည် ၂၀၂၃ နွေရာသီတွင် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ၎င်းသည် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ပြီးကတည်းက ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းထွက်နေပြီး ၎င်းကိုခေါ်ယူရန် လီဗာပူးလ်နှင့် မန်ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။ သို့သော် ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ဖလားရယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။


news-view-count-icon

26