back

တက္ကသိုလ်ဝင်တန်း ပြန်ဖြေမည့် ကျောင်းသားများအား မေ ၂ ရက်နေ့ စာ စသင်မည်

May 01 • 4:49 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တက္ကသိုလ်ဝင်တန်း ပြန်ဖြေမည့် ကျောင်းသားများအား မေ ၂ ရက်နေ့ စာ စသင်မည်

အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ ပျက်စီးသွားသည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင် စသည့်တိုင်းနှင့်ပြည်နယ်များမှ ကျောင်းသားများအား လာမည့် မေလ ၂ ...

အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ ပျက်စီးသွားသည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင် စသည့်တိုင်းနှင့်ပြည်နယ်များမှ ကျောင်းသားများအား လာမည့် မေလ ၂ ရက်နေ့တွင် စာစတင်သင်ကြားပေးမည်ဖြစ်ကြောင်း ယနေ့(မေလ ၁ ရက်)ထုတ် သတင်းစာများတွင် ဖော်ပြသည်။တိုင်းနှင့်ပြည်နယ်လေးခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးစီးထားသည့် ကျောင်းသားများအနေဖြင့် လာမည့် ဇွန်လ ၁၆ ရက်နေ့တွင် စာမေးပွဲ ပြန်လည်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် ကတ်များကို သက်ဆိုင် ရာ စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန်လ ၆ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။



news-view-count-icon

28