back

မန္တလေး မဟာအောင်မြေမြို့နယ်တွင် ခင်ပွန်းဖြစ်သူကိုဇနီးက ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့်ပူးပေါင်းလုပ်ကြံ၍ ဖမ်းဆီးထား

May 01 • 4:47 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး မဟာအောင်မြေမြို့နယ်တွင် ခင်ပွန်းဖြစ်သူကိုဇနီးက ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့်ပူးပေါင်းလုပ်ကြံ၍ ဖမ်းဆီးထား

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက် နံနက် ၁၁ နာရီတွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ရပ်ကွက်၊ ၃၇x၃၈လမ်း ကြား၊ သင်္ဂဇာပတ်လမ်း(အနောက်)ရှိ Happy Like လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ...

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက် နံနက် ၁၁ နာရီတွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ရပ်ကွက်၊ ၃၇x၃၈လမ်း ကြား၊ သင်္ဂဇာပတ်လမ်း(အနောက်)ရှိ Happy Like လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်နေမျိုး(၅၀) နှစ်သည် လက်ဖက်ရည်ဆိုင် အိပ်ခန်းအတွင်း ကျည်ထိမှန်ဒဏ်ရာ များဖြင့် အသတ်ခံထားရကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ရွှေစင်ဝင်း၏ ဖုန်းဆက်အကြောင်းကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။ဧပြီလ ၂၇ ရက်နံနက်ပိုင်းတွင် ဇော်ဖြိုးအောင်မှ ဦးအောင်နေမျိုး အိပ်သည့်အခန်းအတွင်း ဝင်ရောက်ကာ သေ နတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ဇော်ဖြိုးအောင် နေထိုင်ရန် ၎င်းငှား ရမ်းပေးထားသည့်အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်၊အုက်စက်ရပ်၊အကွက်(၁၃)ရှိအဆောင်ကိုဝင်ရောက်ရှာ ဖွေခဲ့ရာ အဆိုပါအခန်း အတွင်းမှ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် SIGSAUER အမျိုးအ စား 9mm ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၈ တောင့်နှင့် Scoopy ဆိုင်ကယ် ၁ စီး တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ယခုအခါ ဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့် ပူး ပေါင်းကာ လုပ်ကြံသတ်ဖြတ်၍ လိမ်လည်သတင်းပေးတိုင်တန်းခဲ့မှုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေး စိတ်စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ရွှေစင်ဝင်းနှင့် ဇော်ဖြိုးအောင်တို့ ၂ ဦးအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။



news-view-count-icon

23