back

(၁၂)ကြိမ်မြောက် အာဆီယံရေတပ်အရာရှိငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲကိုမြန်မာနိုင်ငံ၌ကျင်းပ

May 01 • 4:46 PM

breaking-news

မြန်မာ

ရန်ကုန်

cover

(၁၂)ကြိမ်မြောက် အာဆီယံရေတပ်အရာရှိငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲကိုမြန်မာနိုင်ငံ၌ကျင်းပ

(၁၂)ကြိမ်မြောက် အာဆီယံရေတပ်အရာရှိငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲကို ဒုတိယအကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ဧပြီ ၂၈ ရက်မှ ယနေ့ မေ ၁ ရက်အထိ ရန်က...


(၁၂)ကြိမ်မြောက် အာဆီယံရေတပ်အရာရှိငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲကို ဒုတိယအကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ဧပြီ ၂၈ ရက်မှ ယနေ့ မေ ၁ ရက်အထိ ရန်ကုန်မြို့တွင်ကျင်းပခဲ့သည်။အာဆီယံရေတပ်အရာရှိငယ်များသည် တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်း(အင်းလျားကန်)တွင် လှေလှော်ခြင်းနှင့် ရွက်တိုက်ခြင်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စုမှ စစ်ရေယာဉ်အားလေ့လာခြင်း၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့လေ့လာကြည့်ရှုခြင်း၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတို့သို့လည်း လေ့လာရေးခရီးများသွားရောက်ခဲ့ကြသည်။ အဆိုပါ အာဆီယံရေတပ်အရာရှိငယ်များသည် ယနေ့ မေ ၁ ရက်နံနက်ပိုင်းနှင့်ညနေပိုင်းတို့က သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။


news-view-count-icon

15