မတ်လ၂၈ရက်နေ့ ဖြစ်စဉ်တွင် ငလျင်ကြီးဒဏ်သင့်ပြီး မီးလောင်သွားတဲ့ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး ပြန်လည်ပြုပြင်ဖို့အတွက် ပြည်ပ ဆောက်လုပ်ရေးပညာရှင်အဖွဲ့ဟာ မေလ ၁ရက် မနက်ပိုင်းက လာရောက်ကြည့်ရှုပါတယ်။အခုလို လာရောက်ကြည့်ရှုရာမှာ မန္တလေးတက္ကသိုလ်က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံက ဆောက်လုပ်ရေးပညာရှင်တွေလည်း ပါဝင်ပါတယ်။မန္တလေးတက္ကသိုလ် ပရဝုဏ်အတွင်းရှိ တခြားအဆောင်တချို့လည်း ငလျင်ဒဏ်သင့်ခဲ့တာပါ။ဒါ့အပြင် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးဆေးတက္ကသိုလ်နဲ့ စိန်ပန်းရပ်တို့မှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



