(၂၀၂၆) အာရှ ယူ-၂၃ ခြေစစ်ပွဲကို (၄)သင်း တအုပ်စုနဲ့ အုပ်စု(၁၁)ခုနဲ့ ကျင်းပသွားမှာဖြစ်ပြီး အုပ်စုတခုစီမှ အုပ်စုဗိုလ် (၁၁)သင်း၊ အကောင်းဆုံးအုပ်စု ဒုတိယရ (၄)သင်း၊ စုစုပေါင်း (၁၅)သင်းဟာ အာရှ ယူ-၂၃ ပြိုင်ပွဲအိမ်ရှင် ဆော်ဒီအာရေဗျအသင်းနဲ့အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိမှာပါ။ အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲကိုတော့ လာမယ့် မေလ (၂၉)ရက်နေ့မှာ ပြုလုပ်မှာဖြစ်ကာ ခြေစစ်ပွဲ ပွဲစဥ်တွေကိုတော့ လာမယ့် စက်တင်ဘာလ (၁)ရက်နေ့မှာ စတင်ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။



