လက်ရှိစပါးဈေးနှုန်းဟာ တင်း ၁၀၀ ကို ကျပ် ၁၃ သိန်းဝန်းကျင်မှာရှိနေပါတယ်။ ဒါပေမယ့်လည်း လာမယ့် မိုးရာသီမှာ ဘယ်လောက်ထိ မြင့်တက်လာမယ်ဆိုတာတော့ ခန့်မှန်းလို့မရသေးပါဘူး။ဒါ့ပြင် စပါးဈေးနှုန်းကျဆင်းနေချိန်မှာ ဆန်ဈေးနှုန်းကကျဆင်းသင့်သလောက် မကျဆင်းဘဲ တည်ရှိနေ ပါတယ်။ ဒါကလည်း ဆန်ဈေးနှုန်းသက်မှတ်ချက် မြင့်မားတာကိုလက်လီ ဈေးကွက်က လိုက်လံပြီးတော့ တောင့်ခံထားတာလို့ ကုန်သည်တွေက ပြောပါတယ်။ဧရာဝတီတိုင်းမှာ လုပ်သားရှားပါးမှုပြဿနာကြုံတွေ့လာရတာကြောင့် ဆန်စပါးကုန်သည်တွေရဲ့ အထွေထွေကုန်ကျစရိတ်ကလည်း မြင့်မားလာခဲ့ပါတယ်။ အရင်က ဆန်စက် တွေမှာ စပါး ၁၀၀ ကို စက်လှေပေါ်ကနေ ဆန်စက်ထဲတင်ဆောင်ခဟာ ကျပ် ၁၂၀၀၀ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၂ သောင်းကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါသည်။



