ထီးချိုင့်မြို့ကို စစ်ဘေးတိမ်းရှောင်နေရသူများသည် ကာလရှည်ကြာလာပြီး အစားအသောက်ခက်ခဲလာမှုတွေကြောင့် မြို့ကနေ စွန့်ခွာမှုတွေ များပြားလာနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ စစ်ဘေးရှောင်များသည် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ရပြီး စားသောက်နေထိုင်ရေးများကိုလည်း ကိုယ်တိုင်ဖန်တီးယူနေရပြီး အကူအညီများလည်းမရှိကြောင်း သိရသည်။



