ထားဝယ်မြို့တွင် စိတ်ဝေဒနာသည်အမျိုးသမီးကြီးတစ်ဦး ယနေ့ နံနက်ပိုင်းတွင် နေအိမ်၌ ကြိုးဆွဲချသေဆုံးကြောင်း မြို့ခံများထံမှ သိရှိရသည်။ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ယနေ့ မေလ ၁ ရက် နံနက်ပိုင်းတွင် အိမ်သားများ မရှိသည့်အချိန် နေအိမ်၌ ဆွဲကြိုးချသေဆုံးနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။သေဆုံးသူအမျိုးသမီးကြီးရဲ့ရုပ်အလောင်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် အရေးပေါ်ကားများဖြင့် ဆေးရုံသို့ လာရောက်သယ်ယူသွားကြောင်း မြို့ခံများထံမှ သိရသည်။



