အိန္ဒိယရူပီးသည် ဗုဒ္ဓဟူးနေ့ (ဧပြီလ ၃၀)တွင် ယခုနှစ်အတွင်း ကန်ဒေါ်လာနှင့် ငွေလဲနှုန်း တန်ဖိုးအမြင့်ဆုံးရေချိန်သို့ မြင့်တက်ခဲ့သည်။ အိန္ဒိယစတော့ရှယ်ယာဈေးကွက်ထဲ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်နေခြင်း၊ ပို့ကုန်လုပ်ငန်းများက သွင်းကုန် လုပ်ငန်းများထံ ဒေါ်လာများ ထုတ်ရောင်းနေခြင်းတို့ကြောင့် ရူပီး တန်ဖိုးတက်သည်။ ရူပီသည် ၅% မြင့်တက်ပြီး တဒေါ်လာ 84.78 သို့ ရောက်ရှိသည်။ အိန္ဒိယနှင့် အမေရိကန်ကြား ကုန်သွယ်မှုသဘောတူညီချက် ရရှိရန် အလားအလာ ကောင်းနေခြင်းကလည်း ရူပီးငွေကို မာစေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိန္ဒိယနှင့် သွင်းကုန်ခွန်များဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်ကောင်းလာကာ နှစ်နိုင်ငံ သဘောတူညီချက်တစ်ရပ် ရရှိနိုင်မည်ဟု ယူဆကြောင်း ဧပြီ၂၉ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
| 33 | 0 | 0 | 0 |


