back

Chery ကုမ္ပဏီသည် ဂျာမနီ VW စက်ရုံများ ဝယ်ယူရန် ဆွေးနွေးနေ

May 01 • 7:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

Chery ကုမ္ပဏီသည် ဂျာမနီ VW စက်ရုံများ ဝယ်ယူရန် ဆွေးနွေးနေ

ထင်ရှားသည့် ကားအမှတ်တံဆိပ် ၉ ခု၊ Jaguar Land Rover အပါအဝင် ဖက်စပ်လုပ်ငန်းများဖြင့် ကားများ ထုတ်လုပ်နေသည့် တရုတ်ကားလုပ်ငန်း Chery သည် တရုတ်နိုင်ငံ၏ စတုတ္ထအကြီးဆု...

ထင်ရှားသည့် ကားအမှတ်တံဆိပ် ၉ ခု၊ Jaguar Land Rover အပါအဝင် ဖက်စပ်လုပ်ငန်းများဖြင့် ကားများ ထုတ်လုပ်နေသည့် တရုတ်ကားလုပ်ငန်း Chery သည် တရုတ်နိုင်ငံ၏ စတုတ္ထအကြီးဆုံး ကားထုတ်လုပ်သူဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတလွှား ကား ၂,၆၀၃,၉၁၆ စီး ရောင်းချခဲ့သည်။ ယခုအခါ ပြည်ပဈေးကွက်များသို့ ဆက်လက်ချဲ့ထွင်လျက် ရှိရာ ဥရောပဈေးကွက်လည်း အပါအဝင်ဖြစ်သည်။ VW သည် ဂျာမနီတွင် အော့စနာဘရိတ်မြို့မှာ စက်ရုံတရုံ၊ ဒရက်စ်ဒန်မြို့မှာ စက်ရုံ တရုံ ရှိပြီး လုပ်ကိုင်ဆောင်ရွက်ဆဲ ဖြစ်သည့် ကုန်ကျစရိတ်များ ဖြတ်တောက် လျှော့ချရေး ကြိုးပမ်းမှုများအရ ၎င်းစက်ရုံ နှစ်ရုံစလုံးကို ပိတ်သိမ်းမည် ဖြစ်သည်။ တရုတ်ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် ၎င်းစက်ရုံ နှစ်ရုံရန် ဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန် ကမ်းလှမ်းကြရာ Chery လည်း အပါအဝင်ဖြစ်ပြီး သဘောတူညီချက် အပြီးသတ်ရန် နီးစပ်နေပြီဟု သတင်းထွက်ပေါ်သည်။ ဂျာမနီတွင် ကားများ စတင်ထုတ်လုပ်ရန် အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ကုမ္ပဏီက အတည်ပြုခဲ့သော်လည်း မည်သည့် ကားလုပ်ငန်းနှင့် ဆွေးနွေးနေကြောင်း ထုတ်ဖော်ပြောဆိုခြင်း မပြုချေ။



news-view-count-icon

20