ရှမ်းပြည်နယ်၊အင်းလေးတွင် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် သေဆုံးသွားသူ ၅၀ ဦးအတွက် တစ်ဦးလျှင် ဆယ်သိန်းစီ ကျန်ရစ်သူမိသားစုထံပေးအပ်ခဲ့ ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ နန်းပန်မြို့၊ ကေလာကျေးရွာအုပ်စု၊ သလဲဦးကျေးရွာအုပ်စု၊ နန်းတဲကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု ၊သာလေးကျေးရွာအုပ်စုတို့မှ ကွယ်လွန်သူ ၅၀ ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ဆယ်သိန်းပေးအပ်ခဲ့ပါတယ်။အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့မနက်ပိုင်းတွင် ကေလာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲရှိ ငလျင်ဘေးဒဏ်ကွပ်ကဲရေးရုံးတွင် ပြုလုပ်ခဲ့ကာအင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ်နေသေးပါတယ်။
May 01 • 7:31 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 26 | 0 | 0 | 0 |


