ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတို့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ယာမဲလ်ရဲ့ စွမ်းဆောင်ရည်ကို အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက ပွဲအပြီးမှာ ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ အင်ဇာဂီက “ဘာစီလိုနာအသင်းမှာ ရပ်တန့်ဖို့ခက်ခဲတဲ့ ယာမဲလ်လို ကစားသမားရှိပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပေမယ့် ပထမပိုင်းရဲ့နောက်ဆုံး ၂၅ မိနစ်မှာ သူဟာ ပြသနာတွေ အများကြီးကို ဖန်တီး နိုင်ခဲ့ပါတယ်။ သူဟာ အရင်က ကျနော် မမြင်ဖူးသေးတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ နှစ်ပေါင်း ၅၀ တိုင်းကို တစ်ကြိမ်မွေးဖွားလာတဲ့ ဖြစ်စဉ်တစ်ခုပါ။ သူဟာ ဒီပွဲမှာ ကျနော့်ကို အလွန်အထင်ကြီးစေခဲ့တယ်”လို့ ပြောခဲ့ တာပါ။ 
May 01 • 5:36 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


