back

အီလွန်မတ်အား အမေရိကန်အများစုက လေးစားသဖြင့် အစိုးရအဖွဲ့တွင် ဆက်လုပ်ကိုင်စေလိုကြောင်း ထရမ့်ပြော

May 01 • 5:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီလွန်မတ်အား အမေရိကန်အများစုက လေးစားသဖြင့် အစိုးရအဖွဲ့တွင် ဆက်လုပ်ကိုင်စေလိုကြောင်း ထရမ့်ပြော

အီလွန်မတ်က သူ့စီးပွားရေးလုပ်ငန်းများဆီ ပြန်သွားချင်သည်ကို နားလည်ကြောင်းနှင့် အကယ်၍ အိမ်ဖြူ တော်အတွက် ဆက်လက်လုပ်ကိုင်ပေးရန် ဆန္ဒရှိပါကလည်း လုပ်ကိုင်ပေးနိုင်ကြောင...

အီလွန်မတ်က သူ့စီးပွားရေးလုပ်ငန်းများဆီ ပြန်သွားချင်သည်ကို နားလည်ကြောင်းနှင့် အကယ်၍ အိမ်ဖြူ တော်အတွက် ဆက်လက်လုပ်ကိုင်ပေးရန် ဆန္ဒရှိပါကလည်း လုပ်ကိုင်ပေးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ၃၀နေ့တွင် ပြောကြားလိုက်သည်။၎င်း၏ ပြဿနာတက်နေသောတက်စလာကားကုမ္ပဏီကို ပိုမိုအာရုံစိုက်စီမံခန့်ခွဲရေးအတွက် ဘတ်ဂျက် ဖြတ်တောက်သည့် ဌာနဖြစ်သည့် အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန (DOGE) ၏ တရားဝင် မဟုတ်သော အကြီးအကဲအဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက အီလွန်မတ်က ပြောကြားခဲ့သည်။“ဒီနိုင်ငံမှာရှိတဲ့ လူအများစုက ခင်ဗျားကို တကယ်လေးစားတန်ဖိုးထားကြပါတယ်” ဟု DOGE မှ ၎င်း၏ အခန်းကဏ္ဍကို မစွန့်လွှတ်မီ အီလွန်မတ်၏ နောက်ဆုံးအစည်းအဝေးဖြစ်နိုင်သည့် အိမ်ဖြူတော် ကက်ဘိနက်အစည်းအဝေးတစ်ခုအတွင်း ထရမ့်က ပြောခဲ့သည်။


news-view-count-icon

17