အမေရိကန် နိုင်ငံတကာကျောင်းသားများ ဖလှယ်ရေးနှင့် ပညာရေးအစီအစဉ်များအတွက် ရန်ပုံငွေများ ဖြတ်တောက်ခံရမှုနှင့် ဗီဇာ ငြင်းပယ်ခံရမှုများ ရှိနေသည့်အတွက် အမေရိကန်ရှိ အာရှကျောင်းသားများ၏ အနာဂတ်သည် သေချာရေရာမှုမရှိကြောင်းသိရသည်။ နိုင်ငံတကာမှ ကျောင်းသားများသည် အမေရိကန်တွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု၏ ဝဲဂယက်အတွင်း ပိတ်မိနေကြကြောင်း လက်ရှိ အမေရိကန်၏ တက္ကသိုလ်တစ်ခု၌ PhD ဘွဲ့အတွက် ပညာသင်ယူနေသည့် ဂျပန်ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။



