back

ရွှေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်လိုအား တိုးလာခဲ့

May 01 • 5:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရွှေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်လိုအား တိုးလာခဲ့

ရွှေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ရွှေချောင်းများနှင့် ရွှေဒင်္ဂါးများကို လိုလားမှုသည် အားကောင်းနေဆဲဖြစ်သည်။ ၂၀၂၅ ပထမ၃ လပတ် ရွှေဝယ်လိုအား ၂ တန်ခွဲ ရှိခဲ...

ရွှေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ရွှေချောင်းများနှင့် ရွှေဒင်္ဂါးများကို လိုလားမှုသည် အားကောင်းနေဆဲဖြစ်သည်။ ၂၀၂၅ ပထမ၃ လပတ် ရွှေဝယ်လိုအား ၂ တန်ခွဲ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃၅% ပိုများသည်။ WGC မှ မှတ်တမ်းစတင်ထားရှိခဲ့သည့် ၂၀၁၀ နောက်ပိုင်း အမြင့်မားဆုံးဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့ (ဧပြီ ၃၀ ရက်)တွင် ထုတ်ပြန်သည့် ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) ၏ ၂၀၂၅ ပထမ၃ လပတ် ရွှေဝယ်လိုအား အစီရင်ခံစာတွင် ဖော်ပြထားသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ရွှေ ရင်းနှီးမြှုပ်နှံမှု ၀ယ်လိုအားမှာလည်း ယမန်နှစ်ကထက် ဂဏန်းနှစ်လုံး ရာခိုင်နှုန်းဖြင့် တိုးလာခဲ့သည်။ ဗီယက်နမ်၏ ရွှေချောင်းများနှင့် ရွှေဒင်္ဂါးများ ဝယ်လိုအားမှာမူ ယခုနှစ်တွင် ၁၅%ကျဆင်းသွားပြီး ရွှေဝယ်ယူမှု ၁၂ တန်ရှိသည်။ ရွှေကို လိုသလောက် ဝယ်မရဘဲ အကန့်အသတ်ဖြင့်သာ ရရှိခြင်း၊ နိုင်ငံသုံးငွေ ဒေါင်တန်ဖိုး လျော့ကျခြင်းတို့ကြောင့် ရွှေအဝယ် လျော့ကျသည်ဟု WGC က သုံးသပ်ထားသည်။



news-view-count-icon

24