ဖလိုရိုက်က သွားပိုးစားခြင်း၊ သွားယိုပေါက်ခြင်းတို့ကို ကာကွယ်တိုက်ဖျက်ပေးနိုင်ကာ ခံတွင်းကျန်းမာရေးအတွက် အသုံးပြုလာကြတာ ကြာပြီဖြစ်ပေမယ့် ဆန်းစစ်ချက်တစ်ခုမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးတို့အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ်လို့ ယူဆထားပါတယ်။ အခြားလေ့လာချက်တွေမှာလည်း ဖလိုရိုက်ဟာ သန္ဓေသားတွေနဲ့ ကလေးငယ်တွေမှာ အကျိုးကျေးဇူး အနည်းငယ်သာ ပေးနိုင်တယ်လို့ သုတေသီများ သုံးသပ်ထားပါတယ်။ သွေးလမ်းကြောင်းထဲ ဖလိုရိုက်ရောက်သွားတဲ့အခါ အရိုးကြံ့ခိုင်မှု၊ သိုင်းရွိုက်လုပ်ဆောင်ချက်၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးမှုတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်လို့ လေ့လာဖော်ပြထားကြပါတယ်။
May 01 • 5:31 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


