မြန်မာနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြန် တည်ဆောက်ဖို့ ကုလသမဂ္ဂရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူအားဖြင့် သဘောတူတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် တူဟစ် ဟူစိန်က ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူအားဖြင့် သဘောတူတယ်ဆိုပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာ အခြေအနေတချို့တော့ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
May 01 • 5:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


