Doraemonချစ်တဲ့ သူတွေအတွက် Doraemon in Town” ဆိုတဲ့ နာမည်နဲ့ ပွဲတော်တစ်ခု ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပဖို့ ရှိနေပါတယ် ။ ဒိုရေမွန်ချစ်သူတွေအနေနဲ့ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူး ဖို့အတွက် ICONSIAM Shopping Center ရဲ့ မြစ်ကမ်းဘေး River Park အောက်ထပ်မှာ ကြီးမားပြီး ဟန်ပန်မျိုးစုံနဲ့ ရှိနေမယ့် ဒိုရေမွန် အရုပ်ကြီးတွေကို ပြသထားမှာ ဖြစ်ပါတယ် ၊ Chao Pharaya မြစ်နောက်ခံနဲ့ ဒိုရေမွန်အရုပ်ပေါင်း ၅၈ ခုထိ ထားရှိပေးထားမှာ ဖြစ်ပါတယ်။နောက်ထပ် မေလ ၁ ရက်နေ့ကနေ ၂၂ ဇွန်အထိ Iconsiam ရဲ့ ၆လွှာမှာရှိတဲ့ Attraction Hall မှာလည်း ဒိုရေမွန်ပြပွဲ ရှိဦးမှာဖြစ်လို့ ရောက်ကြည့်ရှုလို့ ရမှာ ဖြစ်ပြီး အခုပြပွဲဟာ ကမ္ဘာမှာ အကြီးဆုံးသော ဒိုရေမွန်ပြပွဲဖြစ်လာမယ်လို့ သိရပါတယ်။
May 01 • 4:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


