ဧပြီလကုန်ပိုင်းမှစတင်သည့် မိုးရွာသွန်းမှုကြောင့် နေပြည်တော်တွင် ငလျင်သင့်ရာမှ တဲများတွင်ယာယီနေထိုင်နေသူများသည် မိုးရေဝင်ခြင်းကြောင့် နေရေးအခက်အခဲကြုံတွေ့နေကြပြီး၊ ဝန်ထမ်းအိမ်ယာများပြိုကျမှုအပါအဝင် နေထိုင်ရေးပြဿနာများသည် ဒုက္ခသည်များအတွက် ပိုမိုအလေးပြင်းလာနေသည်။



