back

အမေရိကန်က ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းလိုလျှင် ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများ ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

May 01 • 3:59 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်က ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းလိုလျှင် ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများ ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ စည်းကြပ်ခွန်စစ်ပွဲဆိုင်ရာ ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ စည်းကြပ်ခွန်စစ်ပွဲဆိုင်ရာ ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးခွန်းများကို ဧပြီ ၂၉ ရက်တွင် ဖြေကြားခဲ့သည်။စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူဟူ၍ မရှိကြောင်း တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ရှင်းလင်းပြောကြားခဲ့သည်ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ ဤ စည်းကြပ်ခွန် စစ်ပွဲသည် အမေရိကန်ဘက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်က ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းလိုလျှင် ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများ ရပ်တန့်သင့်ပြီး တန်းတူညီမျှမှု၊ လေးစားမှုနှင့် အပြန်အလှန်အကျိုးရှိမှုတို့အပေါ် အခြေခံ၍ တရုတ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


news-view-count-icon

24