အမျိုးသားများ သန္ဓေတားခြင်းနဲ့ ပတ်သက်ပြီး စမ်းသပ်အောင်မြင်မှုတစ်ခု ရရှိထားပါတယ်။ လက်ရှိမှာရနိုင်တဲ့ ကွန်ဒုံးအသုံးပြုခြင်းနဲ့ ယောကျ်ားသားကြောဖြတ်ခြင်းတို့ပြင် အခုဆိုရင် တတိယမြောက်နည်းလမ်း ရှိလာတော့မှာ ဖြစ်ပါတယ်။ ကွန်ဒုံးကို မှန်ကန်စွာအသုံးပြုရင် ကိုယ်ဝန်တားနိုင်တဲ့အပြင် လိင်ကြောင့်ဖြစ်တဲ့ STDရောဂါတွေလည်းကို ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။ယခု YCT-529ဆိုတဲ့ဆေးသစ်က နယူးယော့ခ်ရှိ ကိုလံဘီယာတက္ကသိုလ်နဲ့ YourChoice Therapeuticsတို့မှ ပူးပေါင်းထုတ်လုပ်စမ်းသပ်ထားတဲ့ ဟော်မုန်းမပါ သောက်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီဆေးက သုတ်ပိုးထုတ်လုပ်မှုလမ်းကြောင်းကို တားဆီးပြီးတော့ တချိန်တည်းမှာပဲ တက်စတိုစတီရုန်းပမာဏ ယိုယွင်းခြင်းလည်း မဖြစ်စေပါဘူး။ 
May 01 • 3:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


