တရုတ်ကို ရည်ရွယ်သည့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်ရေးအတွက် ဆွေးနွေးမှုများ စတင်ပြုလုပ်ရန် ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ဧပြီ ၂၉ရက်က သဘောတူလိုက်သည်။ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အိရှိဘာနှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာတို့ မနီလာမြို့၌ ပြုလုပ်သော တွေ့ဆုံမှုအပြီးတွင် ထောက်လှမ်းရေးသတင်း အချက်အလက် မျှဝေရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုများ စတင်မည်ဖြစ်ပြီး ပူးတွဲကာကွယ်ရေး လေ့ကျင့်မှုများ လွယ်ကူချောမွေ့စေရန် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးရန် ညှိနှိုင်းမှုများ စတင်မည်ဟု ပြောကြားခဲ့သည်။
May 01 • 3:56 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


