back

ကွင်းလယ်ဒိုင်ကို ရေခဲပုံးနှင့် ပစ်ပေါက်ခဲ့သည့် ရီးရဲလ်နောက်ခံလူ ရူဒီဂါ ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ

May 01 • 4:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကွင်းလယ်ဒိုင်ကို ရေခဲပုံးနှင့် ပစ်ပေါက်ခဲ့သည့် ရီးရဲလ်နောက်ခံလူ ရူဒီဂါ ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ

ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်ကို အရာဝတ္ထုနဲ့ ပစ်ပေါက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရူဒီဂါကို စပိန်အက်ဖ်အေက ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ဘာစီလ...

ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်ကို အရာဝတ္ထုနဲ့ ပစ်ပေါက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရူဒီဂါကို စပိန်အက်ဖ်အေက ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ စပိန်ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ နောက်ခံလူ ရူဒီဂါက အချိန်ပို ၁၁၁ မိနစ်မှာ ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရပေမဲ့ ပွဲပြီးခါနီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် အရန်ခုံတန်းကနေ ရေခဲပုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။ဒိုင်လူကြီးကို မထိမှန်ခဲ့ပေမဲ့ ပစ်ပေါက်ခဲ့တဲ့ ရူဒီဂါ အပါအဝင် အရန်ခုံတန်းကနေ အပြင်းအထန် စောဒကတက်ခဲ့တဲ့ လူးကပ်ဗက်စ်ကွက်ဇ်ကိုလည်း အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တာပါ။ဂျာမန်နောက်ခံလူအနေနဲ့ လက်ကျန် လာလီဂါ ၅ ပွဲစလုံးကို ပွဲပယ်ထိမှာဖြစ်ပြီး လာမယ့်ရာသီ လာလီဂါအဖွင့်ပွဲစဉ်ကိုလည်း ပွဲပယ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

20