တရုတ်နိုင်ငံသည် ကမ္ဘာ့အခိုင်ခံ့ဆုံး ရေအောက်ဆက်သွယ်ရေးကြိုးများနှင့် ဓာတ်အားလိုင်းများကို ဖြတ်တောက်နိုင်သည့် ကျစ်လစ်သိပ်သည်းသော ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးဖြတ်စက်ကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းသည် ကမ္ဘာ့ပင်လယ်ရေကြောင်းဆိုင်ရာ အာဏာမျှခြေကို အပြောင်းအလဲ ဖြစ်သွားစေနိုင်သည်။အရေးကြီးသော ပင်လယ်ရေအောက်ကွန်ရက်များကို အနှောက်အယှက်ပေးနိုင်သည့် ကိရိယာကို ပိုင်ဆိုင်ထားကြောင်း နိုင်ငံတခုက တရားဝင်ထုတ်ဖော်ပြောကြားခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။



