ယာဉ်မောင်းတွေရဲ့ အချိန်နဲ့ ငွေကုန်ကျမှုကို သက်သာစေဖို့ ထိုင်းလွှတ်တော်က ယာဉ်မောင်းတွေ လူတွေ့ အစစ်ဆေးခံစရာမလိုဘဲ အွန်လိုင်းကနေ ယာဉ်မောင်းလိုင်စင်ကို သက်တမ်းတိုးနိုင်မယ့် ဥပဒေကို ထိုင်းလွတ်တော်မှာ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ အဲဒီစနစ်ကို လာမယ့်လတွေအတွင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး ထိုင်းရဲ့သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို ဒစ်ဂျစ်တယ်စနစ်နဲ့ အဆင့်မြှင့်တင်မှာဖြစ်ပါတယ်။ အွန်လိုင်းကနေ လိုင်စင်သက်တမ်းတိုးနိုင်မယ့် အသက်အရွယ်အပိုင်းအခြားနဲ့ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်တွေကိုတော့ မပြောသေးပါဘူး။ အဲဒီလိုအပ်ချက်တွေကို DLT ရဲ့ ဒါရိုက်တာက သတ်မှတ်မှာ ဖြစ်ပါသည်။



