ပြည်ပကနေတင်သွင်းလာတဲ့ ကားတင်သွင်းခွန်ကို နဂိုအတိုင်းထားပြီး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ကားတွေရဲ့ ပြည်ပနိုင်ငံအချို့အပေါ် မှီခိုနေရတဲ့ အစိတ်အပိုင်းတွေရဲ့ စည်းကြပ်ခွန်တချို့ကို လျှော့ပေါ့ကာ ကားတင်သွင်းခွန် သက်ရောက်မှုကို လျှော့ချမယ်လို့ သမ္မတထရမ့်ရဲ့အစိုးရအဖွဲ့ဝင်တွေက ပြောကြားလာပါတယ်။ အမေရိကမှာရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေတဲ့ ကုမ္ပဏီတွေကို စွန့်ဦးကာလမှာ လျှော့ပေါ့ပေးပြီး ပြည်တွင်းကားထုတ်လုပ်ရေးကုမ္ပဏီတွေကို ချီးမြှင့်မြှောက် စားမယ့် သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒအတွက် ဒါဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ်က ပြောကြားထားပါသည်။



