တရုတ်နိုင်ငံတွင် လူလိုက်ပါနိုင်သောအာကာသလုပ်ငန်းရုံးမှ သတင်းအရ ဘေကျင်း ဒေသစံတော်ချိန် ဧပြီလ ၃၀ရက်နေ့ နေ့လယ် ၁နာရီ ၈မိနစ်က လူလိုက်ပါနိုင်သော ShenZhou-19 အာကာသယာဉ်၏ မော်ကျူးသည် ဒွန်ဖှင်ဆင်းသက်ရေးစခန်းသို့ အောင်မြင်စွာ ဆင်းသက်ခဲ့ကြောင်း၊ ကွင်းဆင်း ဆေးဝန်ထမ်းများသည် အာကာသယာဉ်မှူး Cai Xuzhe၊ Song Lingdong၊ Wang Haozeတို့၏ ကျန်းမာရေးများ ကောင်းမွန်လျက်ရှိသည်ဟု အတည်ပြုခဲ့ကြောင်း၊ ယခုအခါ လူလိုက်ပါနိုင်သော ShenZhou-19 အာကာသယာဉ်သည် ပျံသန်းမှုတာဝန်များ အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။



