back

ငလျင်ဒဏ်ကြောင့် IBEC ကျောင်းတိုက်၏ ပင်မဆောင်ကြီးအပါအဝင် (၄)ဆောင်ကို အကြီးစားပြင်ဆင်ရမည်

Apr 30 • 4:22 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ငလျင်ဒဏ်ကြောင့် IBEC ကျောင်းတိုက်၏ ပင်မဆောင်ကြီးအပါအဝင် (၄)ဆောင်ကို အကြီးစားပြင်ဆင်ရမည်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)ကျောင်းတိုက်၏ သုံးထပ်ဆောင် (၆)ဆောင်မှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ထိ...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)ကျောင်းတိုက်၏ သုံးထပ်ဆောင် (၆)ဆောင်မှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ထို့ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦးများကို ရန်ကုန်အင်ဂျင်နီယာအဖွဲ့မှ ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းတွင်လာရောက်ကြည့်ရှု စစ်ဆေးမှုများပြုလုပ်ပြီးနောက် (၂)ဆောင်အား အစိမ်းရောင်အဆင့်သတ်မှတ်၍ အသေးစားပြင်ဆင်ရန်၊ IBEC Headquarters Office များရှိသည့် ပင်မဆောင်ကြီးအပါအဝင် (၄)ဆောင်ကို အဝါရောင်အဆင့်သတ်မှတ်ပြီး အကြီးစားပြင်ဆင်ရန် ပဏာမအကြံပြုခဲ့ကြသည်။



news-view-count-icon

14