လွန်ခဲ့တဲ့ငါးနှစ်က ဧပြီ ၂၉၊ ၂၀၂၀ မှာ Irrfan Khan တစ်ယောက် neuroendocrine ကင်ဆာရောဂါကြောင့် သူ့ကိုချစ်တဲ့ပရိသတ်တွေကိုထားခဲ့ပြီး လောကကြီးကနေ ထွက်ခွာခဲ့ရတယ်။ Irrfan ရဲ့ ရုပ်ရှင်တွေအများစုမှာ Irrfan ရဲ့ မျက်လုံးအကြည့်တွေ၊ စကားပြောဟန်ဆိုဟန်တွေက အသက်ဝင်လွန်းခဲ့တယ်။ The Lunchbox, Hindi Medium, Talvar, Billu, Life in a... Metro, Angrezi Medium ဒီရုပ်ရှင်တွေကိုပြန်ကြည့်တိုင်း Irrfan မရှိတော့တာ ဘောလိဝုဒ်ရဲ့ကံဆိုးခြင်းတစ်ခုပဲလို့တွေးမိတာပါပဲ။ Irrfan ဟာ နိုင်ငံတကာရုပ်ရှင်မင်းသားဖြစ်သွားပေမယ့်လည်း အိန္ဒိယက ပရောဂျက်အသေးတွေမှာလည်း ဇာတ်ညွှန်းကြိုက်ရင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ကင်ဆာရောဂါက သူ့အသက်ကိုနှုတ်မယူသွားခင်အထိ သူချစ်တဲ့အနုပညာအလုပ်တွေကိုပဲ လုပ်ကိုင်သွားခဲ့ကြောင်း သိရသည်။



