ပြင်သစ်သင်္ဘောလိုင်း CMA CGM သည် Air Belgium ဝယ်ယူမှု ပြီးမြောက်ခဲ့ပြီး ကုမ္ပဏီ၏ ကြီးထွားလာနေသော လေကြောင်းကုန်စည်ပို့ဆောင်ရေးဌာနခွဲတွင် နောက်ထပ်ကုန်တင်လေယာဉ်လေးစင်း ထပ်တိုးသွားသည်။ Air Belgium ကို ဝယ်ယူလိုက်ခြင်းသည် CMA CGM Group ၏ ဥရောပနှင့်ကမ္ဘာတစ်ဝှမ်း လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးချဲ့ခြင်းအတွက် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သည်ဟု CMA CGM က ပြောကြားသည်။ CMA CGM ၏ လေယာဉ်စုတွင် ကုန်တင်လေယာဉ် ၉ စင်း ရှိသွားပြီ ဖြစ်ပြီး Boeing 777F ကုန်တင်လေယာဉ်တစင်း ထပ်ဖြည့်ထည့်မည်။ ၂၀၂၇ နောက်ပိုင်းတွင် Airbus A350F ကုန်တင်လေယာဉ် ၈ စင်း ထပ်တိုးမည်။



