back

Avengers: Doomsday အကြောင်း မပြောရဲတဲ့ အနုပညာရှင်များ

Apr 30 • 3:41 PM

breaking-news

မြန်မာ

ပြည်ပ

cover

Avengers: Doomsday အကြောင်း မပြောရဲတဲ့ အနုပညာရှင်များ

Wyatt Russell တစ်ယောက် “Avengers: Doomsday” ရဲ့ Media Training လုပ်ခဲ့တုန်းက အကြောင်းကို အခုလိုပြောလာခဲ့ပါတယ်။ “ရုပ်ရှင်ရဲ့ လျှို့ဝှက်ချက်တွေကိုပြောလိုက်တာနဲ့ သ...

Wyatt Russell တစ်ယောက် “Avengers: Doomsday” ရဲ့ Media Training လုပ်ခဲ့တုန်းက အကြောင်းကို အခုလိုပြောလာခဲ့ပါတယ်။ “ရုပ်ရှင်ရဲ့ လျှို့ဝှက်ချက်တွေကိုပြောလိုက်တာနဲ့ သူတို့က မင်းလည်ပင်းမှာ ဓားတစ်လက်ထောက်ထားပြီး ‘တစ်ခုခုပြောလိုက်ရင် ကိစ္စချောသွားမယ်’ လို့ ဟာသလုပ်ပြီးပြောခဲ့ပါတယ်။ အဓိကကတော့ Marvel က သရုပ်ဆောင်တွေက သူတို့ကို အင်တာဗျူးတွေမှာ ဂျောင်ပိတ်ပြီး မေးလိုက်တဲ့အခါ မထင်မှတ်ပဲ ရုပ်ရှင် အကြောင်းတွေ ပြောမိမှာဆိုးလို့ Marvel Studio အနေနဲ့ Media Training မှာထဲက သရုပ်ဆောင်တွေကို ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး အပြင်ကို မပေါက်ကြားအောင် စည်းကမ်းတင်းကြပ်ထားတာဖြစ်ပါတယ်။ လာမယ့် Marvel ဇာတ်ကားတွေထဲမှာ “The Fantastic Four: First Steps” က ဇူလိုင်လမှာ ပြသသွားမှာဖြစ်ပြီး “Avengers” နောက်ဆက်တွဲတွေဖြစ်တဲ့ “Doomsday” က ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့၊ “Secret Wars” က ၂၀၂၇ ခုနှစ် မေလ ၇ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ “Thunderbolts” ရုပ်ရှင်ကိုတော့ မေလ ၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါသည်။


news-view-count-icon

35