လာအိုနိုင်ငံ အခြေစိုက် ALPILAO INTERNATONAL Co.,Ltd အထည်ချုပ် စက်ရုံက အလုပ်သမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်တွေကိုချိုးဖောက်ပြီး လျှော်ကြေး မတရားတောင်းနေပါသည်။ မြန်မာနိုင်ငံ အခြေစိုက် AR HTAN CO,Ltd အေဂျင်စီကတဆင့် လစာဒေါ်လာ ၂၂၀ နဲ့ စာချုပ် ချုပ်ဆိုခဲ့တာလို့ မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ “လစာ ဒေါ်လာငွေ၂၂၀ နဲ့ တစ်နှစ်ပြည့် ပြန်မယ်ဆို လျော်ကြေးမပေးရဘူး၊ ပြန်ချင် ပြန်ဆိုပြီး စာချုပ်ထားတယ်။ အခု တစ်နှစ်ကျော်အလုပ်လုပ်ပြီးပြီး၊ ပြန်မယ်ဆိုတော့ ဒေါ်လာ ၁၀၀၀လျော်ကြေးတောင်းတယ်။ စက်ရုံက တောင်းတာ မြန်မာငွေ၄၅ သိန်း ဝန်းကျင်ရှိတယ်။ အခုက တစ်လစာ လုပ်အားခလဲ မပေးဘူး ၊ ၁၀ ရက် ရက်ပေါင်လည်း ပြန်မပေးဘူး။ “ လို့ အလုပ်သမားတစ်ဦးမှ ပြောပါသည်။ ALPILAO INTERNATONAL Co.,Ltd စက်ရုံက စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် လုပ်ကိုင်နေပြိး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ လက်ရှိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ စက်ရုံဖွင့်လှစ်ထားပါသည်။



