back

ပုံမှန်လစာထက် ၅ ဆပေးပြီး အမျိုးသမီးလစဉ်သုံးကုမ္ပဏီအတွက် ဝန်ထမ်းတွေခေါ်နေတဲ့ EXO အဖွဲ့ ဝင်ဟောင်း Tao

Apr 30 • 3:39 PM

breaking-news

မြန်မာ

ပြည်ပ

cover

ပုံမှန်လစာထက် ၅ ဆပေးပြီး အမျိုးသမီးလစဉ်သုံးကုမ္ပဏီအတွက် ဝန်ထမ်းတွေခေါ်နေတဲ့ EXO အဖွဲ့ ဝင်ဟောင်း Tao

EXO အဖွဲ့ ဝင်ဟောင်း Tao က ဖျော်ဖြေရေးကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ဦးစီးနေတဲ့ အနုပညာရှင်ဖြစ်ပြီး သူ့ရဲ့ပွင့်လင်းတဲ့ပြုမူဆောင်ရွက်ပုံတွေကြောင့်လည်း လူသိမ...

EXO အဖွဲ့ ဝင်ဟောင်း Tao က ဖျော်ဖြေရေးကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ဦးစီးနေတဲ့ အနုပညာရှင်ဖြစ်ပြီး သူ့ရဲ့ပွင့်လင်းတဲ့ပြုမူဆောင်ရွက်ပုံတွေကြောင့်လည်း လူသိများပါတယ်။ လက်ရှိ တရုတ်နိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ကိစ္စကတော့ Tao ဟာ ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ဝန်ထမ်းခေါ်ယူရာမှာ နိုင်ငံကသတ်မှတ်ထားတဲ့အခြေခံလစာထက် ၅ ဆပေးပြီး အလုပ်ခေါ်နေတာကြောင့်ပါ။ Tao တည်ထောင်လိုက်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီက 'DUOWEI' လို အမည်ရပြီး လက်ရှိမှာ ဝန်ထမ်းတွေခေါ်နေပါတယ်။ ထုတ်လုပ်ရေး၊ ရောင်းချရေးနဲ့ မီဒီယာပိုင်းအတွက် လစ်လပ်ဝန်ထမ်းနေရာပေါင်းများစွာကို ခေါ်ယူနေတာပါ။ ထုတ်လုပ်ဖြန့်ဖြူးရေးခေါင်းဆောင်တာဝန်ခံနေရာအတွက် ယွမ် ၃ သောင်း (ဒေါ်လာ ၄၀၀၀ နီးပါး) ပေးကာ အလုပ်ခန့်မှာဖြစ်ပြီး ၂၀၂၃ က ထွက်ရှိထားတဲ့ တရုတ်ရဲ့ အခြေခံလစာ ယွမ် ၆၀၅၀ (ဒေါ်လာ ၈၀၀ ခန့်) နဲ့ ယှဉ်ရင် ၅ ဆနီးပါးပိုများပါသည်။


news-view-count-icon

21