“Weak Hero Class 2” ကတော့ တောင်ကိုရီးယားကျောင်းသား ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာ MC ဖြစ်တဲ့ Park Ji Hoon သရုပ်ဆောင်ထားတဲ့ Yeon Si Yeon ဆိုတဲ့ ဇာတ်ကောင်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေ အကြောင်းကိုရိုက်ပြထားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ အင်တာနက် သုံးသူတွေကြားမှာ “Weak Hero Class 2” ရဲ့ ဇာတ်ဝင်ခန်းတစ်ခုနဲ့ ပတ်သက်ပြီးလည်း ပြသာနာတွေတက်နေကြပါတယ်။ အကြောင်းကတော့ Ryeoun (Baku aka Park Hu-min) တစ်ယောက် “Slam Dunk” Anime ရဲ့ OST သီချင်းဖွင့်ရင်း Ainime ထဲကလို ဆံပင်အနီနဲ့ ပုံစံအတူတူလိုလုပ်ထားတဲ့ အခန်းကြောင့်ဖြစ်ပါတယ်။ ဒီအခန်းတွေကြည့်ပြီး (K-netizens) တွေက Slam Dunk ကို Reference ယူထားလို့ အရမ်းစိတ်ပျက်စရာကောင်းတယ်၊ ရှက်စရာလုပ်ရပ်ပဲဆိုပြီး ဝိုင်းပြောထားကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာက အင်တာနက်သုံးစွဲသူတွေကတော့ ‘Slam Dunk’ ထဲက ဇာတ်ကောင်တွေနဲ့ ဆင်တူတာကြောင့် ဒီအခန်းကို ချီးကျူးထားကြပါတယ်။ ဒီလိုနဲ့ အင်တာနက်မှာ K-netizens တွေနဲ့ International က ပရိတ်သတ်တွေ အချင်းချင်း အငြင်းအခုံလုပ်နေကြဆဲဖြစ်ပါသည်။



