back

တောင်ပိုင်းကလူတွေက Bollywood ရုပ်ရှင်တွေ မကြည့်ကြဘူးလို့ ဘောလိဝုဒ်မင်းသား Salman Khan ပြော

Apr 30 • 3:44 PM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်ပိုင်းကလူတွေက Bollywood ရုပ်ရှင်တွေ မကြည့်ကြဘူးလို့ ဘောလိဝုဒ်မင်းသား Salman Khan ပြော

Salman Khan ကတော့ Sikandar ကို Promotion လုပ်နေတုန်း မီဒီယာနဲ့ စကားပြောရင်း “ငါ့ရုပ်ရှင်တွေကို တောင်ပိုင်းမှာ ပြတဲ့အခါ လူတွေ မကြည့်ကြဘူး။ ဘာလို့လည်းဆိုတော့ သူတိ...

Salman Khan ကတော့ Sikandar ကို Promotion လုပ်နေတုန်း မီဒီယာနဲ့ စကားပြောရင်း “ငါ့ရုပ်ရှင်တွေကို တောင်ပိုင်းမှာ ပြတဲ့အခါ လူတွေ မကြည့်ကြဘူး။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ပရိသတ်တွေက သူတို့ဇာတ်ကားပဲ သူတို့အားပေးကြတာ။ လမ်းမှာငါ့ကိုတွေ့ရင်တော့ ‘ဘိုင်း၊ ဘိုင်း’ လို့ ခေါ်ကြပြီး ငါ့ရုပ်ရှင်တွေ ရုံမှာသွားမကြည့်ကြဘူး။ ငါတို့က သူတို့ရုပ်ရှင်တွေကို ဒီမှာ လက်ခံပြသခဲ့ပေမယ့် တောင်ပိုင်းမှာတော့ အဲလိုမဟုတ်ဘူး။ သူတို့ရုပ်ရှင်တွေက ဒီမှာ အောင်မြင်တာက ငါတို့ကြည့်လို့ပဲ — ဆရာ Rajinikanth ၊ Chiranjeevi ဂါရူ၊ Suriya ဒါမှမဟုတ် Ram Charan တို့ရဲ့ ရုပ်ရှင်တွေကို ငါတို့ အကုန်အားပေးခဲ့တယ်။ ဒါပေမယ့် တောင်ပိုင်းပရိသတ်တွေက ငါတို့ရုပ်ရှင်တွေကို မကြည့်ကြဘူး” လို့ ပြောခဲ့ပါသည်။


news-view-count-icon

16