back

တရုတ်နိုင်ငံမှ အရေးပေါ် သယ်ယူပို့ဆောင်ရေး မောင်းသူမဲ့‌လေယာဉ်သည် လေ့ကျင့်ပျံသန်းခြင်း အောင်မြင်စွာ ပြီးမြောက်ခဲ့

Apr 30 • 3:32 PM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံမှ အရေးပေါ် သယ်ယူပို့ဆောင်ရေး မောင်းသူမဲ့‌လေယာဉ်သည် လေ့ကျင့်ပျံသန်းခြင်း အောင်မြင်စွာ ပြီးမြောက်ခဲ့

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကမ္ဘာ့ပထမဆုံး အရေးပေါ် သယ်ယူပို့ဆောင်ရေး မောင်းသူမဲ့‌လေယာဉ် (UAV)သည် ဧပြီလ ၂၉ ရက် အင်္ဂါနေ့က တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းမြို့နှ...

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကမ္ဘာ့ပထမဆုံး အရေးပေါ် သယ်ယူပို့ဆောင်ရေး မောင်းသူမဲ့‌လေယာဉ် (UAV)သည် ဧပြီလ ၂၉ ရက် အင်္ဂါနေ့က တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းမြို့နှင့် ရှန်ဟိုင်းမြို့တို့တွင် လေ့ကျင့်ပျံသန်းခြင်း အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ အဓိက စွမ်းဆောင်ရည်များမှာ အများဆုံးသယ်ဆောင်နိုင်သည့်အလေးချိန် - ၃၀၀ ကီလိုဂရမ် ဆေးဘက်ဆိုင်ရာလုပ်ငန်းမျိုးစုံ လုပ်ဆောင်နိုင်ခြင်း မြင့်မားသောကုန်းမြင့်ဒေသများနှင့် ပင်လယ်ပြင်များတွင်ပါ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး အထူးခြားဆုံးအချက်မှာ ၎င်း‌မောင်းသူမဲ့‌လေယာဉ်သည် အရေးပေါ်ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ လျင်မြန်စွာပို့ဆောင်ရေးနှင့် ခက်ခဲသောဒေသများသို့ ဝန်ဆောင်မှုပေးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကာ နည်းပညာတိုးတက်မှု၏ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရသည်။ 


news-view-count-icon

17