ဧပြီလ ၂၉ ရက် မနေ့ညက လန်ဒန်မြေမှာ ကျင်းပခဲ့တဲ့ အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဧည့်သည် ပီအက်စ်ဂျီက ဒမ်ဘီလီရဲ့ သွင်းဂိုးနဲ့ အဝေးကွင်း နိုင်ပွဲ ရရှိခဲ့ပေမယ့်လည်း ပဲရစ်မြေမှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲမှာတော့ သတိလက်လွတ် ဖြစ်လို့မရဘူးလို့ နည်းပြ လူးဝစ် အန်နရီကေးက သတိပေး ပြောကြားလိုက်ပါသည်။



