back

စပိန်တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှုကြောင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့ရ

Apr 30 • 3:32 PM

breaking-news

မြန်မာ

ပြည်ပ

cover

စပိန်တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှုကြောင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့ရ

ဧပြီ ၂၈ ရက်က စပိန်တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှုကြောင့် မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ Manolo Santana Stadiu...

ဧပြီ ၂၈ ရက်က စပိန်တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှုကြောင့် မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ Manolo Santana Stadium ကွင်း၌ ဘူလ်ဂေးရီးယားကစားသမား ဒီမီထရော့ဗ်နှင့် ဗြိတိန်ကစားသမား ဖန်းလေတို့ ဒုတိယ Sey ယှဉ်ပြိုင်နေစဉ် မီးပြတ်သွားခဲ့သည်။ သို့ဖြစ်ရာ အီလက်ထရွန်နစ်စည်းစောင့်ကြည့်သည့်စနစ် အလုပ်မလုပ်တော့သဖြင့် ဒိုင်လူကြီးက ၁၀ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ၎င်းကိုယ်တိုင် စည်းများကို ကြည့်ရှုစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဝေဟင်မှ ကြိုးများဖြင့်ချိတ်ဆွဲ၍ ရိုက်ကူးရသည့် ''ပင့်ကူ ကင်မရာ''မှာ အလုပ်မလုပ်တော့သဖြင့် ပြိုင်ပွဲတာဝန်ရှိသူများက ပွဲစဉ်အားလုံး ဆက်မကစားဘဲ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြေစေးကွင်းအမျိုးအစားဖြစ်သည့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကို ဧပြီ ၂၂ ရက်မှ မေ ၄ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။


news-view-count-icon

11