မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတို့တွင် ဧပြီလ ၃၀ ရက်အထိ သေဆုံးသူ ၃,၇၉၈ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ထို့ပြင် အဆိုပါ အင်အားပြင်းငလျင်ကြောင့် ယနေ့(ဧပြီ ၃၀) အထိ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၆ ဦးရှိလာပြီး ပျောက်ဆုံးသူ ၁၀၆ ဦး ရှိသည်ဟု ဆိုသည်။



