ယခုနှစ်စမှ စပြီး ကွမ်းစျေးကျနေကာ တစ်ပိဿာစျေး ၁၈,၀၀၀ ကျပ်ထိ ဖြစ်ခဲ့သော်လည်း ကွမ်းစားသူများ အနေဖြင့် ကွမ်းဝယ်ရာတွင် ငါးရာဖိုးလျှင် နှစ်ယာ သုံးယာသာရတော့ကြောင်း ကွမ်းစားသူများထံမှ သိရသည်။ ယခင်နှစ်မေလက ကွမ်းရွက် တစ်ပိဿာကို ငွေကျပ် ၃၂,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်တွင် ကွမ်းစျေးမှာ ကျပ် ၁၈,၀၀၀၊ ၂၀,၀၀၀ အထိပဲရှိသော်လည်း ကွမ်းနှင့် ဆက်စပ်ပစ္စည်းများစျေးမှာ စျေးတက်နေပြီး ကွမ်းသီးစျေးမှာ တစ်ပိဿာ ၃၂,၀၀၀ ကျပ်အထိ စျေးတက်နေကြောင်း သိရသည်။



