မနေ့ ဧပြီလ ၂၉ ရက်နေ့က ကာကွယ်ရေးဝန်ကြီးအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ အစည်း အဝေးမှာသက်ဆိုင်ရာဝန်ကြီးဌာနတွေကလက်ရှိဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကို တာဝန်ပေးဆောင်ရွက်ခြင်းနဲ့ အင်ဂျင်နီယာအသင်း ၃ သင်းမှ သတ်မှတ်ထောက်ခံပေးထားတဲ့ ကုမ္ပဏီတွေကို တာဝန်ပေးဆောင်ရွက်ခြင်း စတဲ့ နည်းလမ်း ၃ မျိုးနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။မျက်မြင်စစ်ဆေးချက်တွေအရ အချို့အဆောက် အဦးတွေ သတ်မှတ်ချက်နဲ့ မကိုက်ညီတာကို တွေ့ရှိရလို့ ပြန်လည်စစ်ဆေးအရေးယူသွားမယ်လို့သိရပါသည်။



