တောင်ကိုရီးယားမှ အကြီးမားဆုံး ဆက်သွယ်ရေးလုပ်ငန်းကြီး SK Telecom ၏ SKT ဆင်းမ်ကတ် သုံးစွဲသူများ၏ အချက်အလက်များကို ဆိုင်ဘာတိုက်ခြင်း ခံရပြီးနောက် SJT ဆင်းမ်ကတ် သုံးစွဲသူများ သိသိသာသာ လျော့ကျခြင်း၊ ရှယ်ယာများ ဈေးထိုးကျခြင်းတို့ကြောင့် ကန်ဒေါ်လာ ၆၄၃.၂ သန်း ဆုံးရှုံးသည်ဟု ခန့်မှန်းထားသည်။ အင်္ဂါနေ့ (ဧပြီ ၂၉)အထိ SKT ဆင်းမ်ကတ် သုံးစွဲသူ ၃၄,၁၃၂ ဦးတို့သည် KT နှင့် LG U+ ဆင်းမ်ကတ်များ ပြောင်းသုံးကြသည်။ SKT ဆင်းမ်ကတ် သုံးစွဲသူများကို ကိုယ်စားပြုပြီး တရားစွဲဆိုရန်၊ SKT ဆင်းမ်ကတ်ကို သပိတ်မှောက်ရန် Naver Cafe အသိုင်းအဝိုင်းမှ တနင်္ဂနွေနေ့မှာ စတင် ဦးဆောင် လှုပ်ရှားနေပြီး ၃ ရက်အတွင်း ပါဝင်သူ ၄၉,၀၀၀ ကျော် ရှိသည်။



