ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုကို ဒေသခံတွေက ကန့်ကွတ်ခဲ့ပေမယ့် ဆက်လက်တူးဖော်နေဆဲဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါသည်။ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုကို ဒေသခံတွေက ကန့်ကွတ်ခဲ့ပေမယ့် ကုမ္ပဏီဘက်က လုပ်ငန်းရပ်နားထားတာမရှိဘဲ နေ့စဉ်နေ့တိုင်း ကျောက်တွေ သယ်ယူနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။



