မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က သူတို့ရဲ့ပြိုင်ဘက် လီဗာပူးလ်အသင်းဟာ အင်္ဂလန်ထိပ်တန်းလိဂ်ဖလား စုစုပေါင်း အကြိမ်ရေ(၂၀)နဲ့ တူညီသွားခဲ့ပေမယ့် ယူနိုက်တက်အသင်းကသာ ပြိုင်ဘက်ကင်း ပိုကြီးမားတဲ့ ကလပ်အသင်းဖြစ်နေဆဲပဲလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ နည်းပြအာနေး စလော့ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညနေက တော့တင်ဟမ်ဟော့ စပါးကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့တာကြောင့် မန်ယူနိုက်တက်ရဲ့ နှစ်ရှည်လများ စံချိန်ကို လိုက်မီခဲ့ပါသည်။



